နှစ်သစ်ကို ကြိုဆိုနိုင်ရေးအတွက်
နှစ်ဟောင်းကို
သေချာစွာ. (သေချာစွာ)
နှုတ်ဆက်နိုင်ရပါမယ်။
သေ … ချာ … စွာ …
ဟုတ်တယ်။ သေသေချာချာ နှုတ်ဆက်နိုင်မှ
နှစ်ဟောင်းက နှစ်သစ်ကို နေရာပေးနိုင်မှာ။
သို့မဟုတ်လျှင်
ဂဏန်း digit နှစ်ကနေ သုံးကိုသာပြောင်းမယ်
နှစ်ဟောင်းလည်း မကုန်နိုင်
နှစ်သစ်လည်း မရောက်ဘဲ
လိပ်ခဲတင်းလင်း ဖြစ်နေမယ်။
Emotionally blocked individuals တွေသာ
ဖြစ်ကျန်ရစ်လိမ့်မယ်။
အဲဒါဆို
သင်္ချာအမှတ်အသား number သာ ပြောင်းတယ်၊
လူ့ရဲ့အတွေးနဲ့ခဲစားချက်တွေက
ဟိုး နှစ်အဟောင်းမှာ
စွဲစွဲမြဲမြဲ ရှိနေဆဲ။
ဒါဖြင့်
နှစ်ဟောင်းက ဘာကို နှတ်ဆက်ရမှာလဲ?
စိတ်ခံစားမှု emotions နှင့်
အနှုတ်လက္ခဏာအတွေး negative thinking တွေပါ။
၂၀၂၂ နှစ်ဟာ
ဇန္နဝါရီလ တစ်ရက်နေ့က ဆုတောင်းခဲ့သလို
မဖြစ်ခဲ့ပါဘူး။
စီးပွါးကျပ်တည်းသူတွေက အဆင်ပြေသူထက်
မရေမတွက်နိုင်အောင်များပါတယ်။
ပညာရေးမှာလည်း ကမောက်ကမဖြစ်သူတွေ
ဒုနဲ့ဒေး။
ကျမ်းမာရေးလည်း စိတ်ညစ်စရာတွေနဲ့
ကြုံရသူတွေက အများစု။
ဒါဖြင့်
၁/၁/၂၀၂၂ နေ့ရဲ့ ဆုတောင်း
မပြည့်ခဲ့ဘူးပေါ့။
ဒီလို အတွေ့အကြုံတွေနဲ့
ရင်ဆိုင်ရတိုင်း
စိတ်ညစ်တယ်၊ စိတ်ဖိစီးမှု တောက်လျှောက်ဆိုသလို ဖြစ်တယ်၊
ကြာလာတော့ အဆိုးမြင်ဝါဒ
ဝင်လာမှန်းမသိ ဝင်ရောက်လာပြီးပြီ။
စိတ်တိုလွယ်တာ
အတင်းပြောချင်တာ
ဖြစ်နိုင်ခြေထက် မဖြစ်နိုင်ခြေကို ပိုစဉ်းစားမိတာ
ခန္ဓာကိုယ် နွမ်းနယ်သလိုခံစားရတာ
လူတွေကို ယုံကြည်မှု နည်းလာတာ
အစားအသောက် အလွယ်တကူ ငြီးငွေ့တာ စသည်ဖြင့်
စိတ်ရဲ့ အနှုတ်လက္ခဏာ symptoms တွေ
ပြလာပါလိမ့်မယ်။
အခက်အခဲက ကြီးမားလွန်းလို့
ဒီလက္ခဏာတွေကို
ခံစားကြရတာလေ။
ဒီနေ့
၂၀၂၂ ရဲ့နောက်ဆုံးနေ့ပါ၊
၂၀၂၂ မှာ
စိတ်ပျက်ခဲ့တာတွေ
အလိုမကျခဲ့တာတွေ
ပူလောင်ခဲ့တာတွေ
ဆုံးရှုံးခဲ့တာတွေ
စကါးခွန်းကြီးခွန်းငယ် ဖြစ်ခဲ့တာတွေ
နာကျင်မှုမှန်သမျှတွေကို
မိခင်တစ်ဦးရဲ့ နားလည်တဲ့
ကရုဏာ compassion နဲ့ ပွေ့ဖက်ပါ
လက်ခံပါ
ပူလောင်နေတဲ့ နှလုံးသားကို
ကရုဏာနဲ့ ချော့သိပ်ပါ
Complain တက်နေ
အတွန့်အတက်လုပ်နေတဲ့ နှလုံးသားကို
အကေ့င်းအဆိုး မဝေဖန်
Judgmental မဖြစ်တဲ့
သတိတရား mindfulness နဲ့
အနီးကပ်
နားထောင်ပေးပါ
နာကျင်မှုကို အသိအမှတ်ပြုပေးပါ။
ဒါဘဲလား?
ကျန်သေးတယ်။
နှစ်ဟောင်း ၂၀၂၂ က
အကုန်မကောင်းတာ မဟုတ်ပါဘူး။
ကောင်းတာတွေ အများကြီးရှိပါသေးတယ်၊
ဒီ ပိုစ့်ကို ဖတ်နေတာက အပေါင်းလက္ခဏာတစ်ခုလေ။
အနည်းဆုံး
ကြံ့ကြံခံနိုင်တဲ့စွမ်းရည်
Physical and psychological resilience
ရခဲ့တယ်လေ။
Thomas Edison ပြောသလိုပေါ့ - ပြဿနာတွေအကြောင်း
အများကြီး သိရှိကျွမ်းကျင်ခဲ့တယ်တဲ့၊
အကောင်းဘက်ကနေကြည့်တတ်ရင်မ
ရှုံးဘူးတဲ့။
မုဒိတာအင်အားပေါ့။ ယောနိသော မနသိကါရလည်း ဟုတ်ပါတယ်။ positive thinking လေ။
ဒါဖြင့်
နှစ်ဟောင်းကို
သေချာစွာ
နှုတ်ဆက်ကြရအောင်နော်
ပုဂ္ဂိုလ်တစ်ဦးချင်းအရရော
မိသားစုအလိုက်ပါ
တိုင်းပြည်နဲ့ ကမ္ဘာတဝှမ်းအနေနဲ့ရောပေါ့။
အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခချုပ်၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်
တောင်ကြီးမြို့။